inner-banner-02

မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့မှ MELAKA လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသားများအား သွားရောက်တွေ့ဆုံခဲ့ခြင်း

မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့မှ MELAKA လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသားများအား သွားရောက်တွေ့ဆုံခဲ့ခြင်း

၁။ မလေးရှားနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းများတွင် အကြောင်းအမျိုးမျိုးဖြင့် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများ မိမိနိုင်ငံသို့ အမြန်ဆုံး ပြန်လည်ထွက်ခွာနိုင်ရေးအတွက် မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့မှ သံရုံးဝန်ထမ်းများသည် သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများသို့ သွားရောက်၍ လူတွေ့စစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်ကာ နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်များကို စနစ်တကျ ဆောင်ရွက်လျက်ရှိပါသည်။

၂။ အောက်တိုဘာလအတွင်း ၁၉-၁၀-၂၀၁၅ ရက်နေ့တွင်လည်း မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့မှ သံအရာရှိများသည် Melaka လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းသို့ သွားရောက်၍ ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားဟုဆိုသူ စုစုပေါင်း (၉၈) ဦးတို့အား တွေ့ဆုံပြီး ၎င်းတို့၏အခက်အခဲများ၊ ကျန်းမာရေးအခြေအနေနှင့် မြန်မာနိုင်ငံသားဖြစ်ကြောင်း မှန်ကန်မှုရှိ/မရှိ လိုအပ်သည့် အချက်အလက်များကို စိစစ်မေးမြန်းခဲ့ပါသည်။

၃။ ယင်းသို့ လူတွေ့ တွေ့ဆုံမေးမြန်းခဲ့ရာတွင် အမျိုးသမီး (၅) ဦး၊ ကျန်းမာရေးချို့တဲ့နေသူ (၂) ဦး၊ အသက် (၁၈) နှစ်အောက် ကလေး (ကျား) (၂) ဦး၊ ထိန်းသိမ်းရေးစခန်းတွင် ကာလကြာရှည်ထိန်းသိမ်းခံထားရသူ (၂၁) ဦးနှင့် မှတ်ပုံတင်အထောက်အထားများ ပြည့်စုံစွာတင်ပြနိုင်သူ (၁၀) ဦး၊ စုစုပေါင်း (၄၀) ဦး ပါဝင်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီး ၎င်းတို့မှာ ဒုက္ခအခက်အခဲများ ကြုံတွေ့ခံစားနေရကာ Camp ထဲတွင် နေထိုင်ရေး အခက်အခဲဖြစ်နေပြီး မိမိနိုင်ငံသို့ မဖြစ်မနေ အမြန်ပြန်ရန် လိုအပ်နေသူများ ဖြစ်သောကြောင့် မြန်မာသံရုံးမှ ၎င်းတို့အား ဦးစားပေးအနေဖြင့် အမြန်ဆုံးပြန်လည်ပို့ဆောင်နိုင်ရေးအတွက် လိုအပ်သည်များကို စီစဉ်ဆောင် ရွက်ပေးလျက်ရှိပါသည်။

၄။ အလားတူ မြန်မာသံရုံးမှ ယခုကဲ့သို့ လူတွေ့ တွေ့ဆုံမေးမြန်းကာ စနစ်တကျ စိစစ်ပြီးနောက် အချက်အလက် ပြည့်စုံစွာ တင်ပြနိုင်သည့် မြန်မာနိုင်ငံသား မှန်ကန်သူများ၊ မြန်မာနိုင်ငံသို့ ပြန်လိုသူများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ C of I ထုတ်ပေး၍ မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်လည်ထွက်ခွာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး အချက်အလက်ပြည့်စုံစွာ တင်ပြနိုင်ခြင်းမရှိသဖြင့် လတ်တလော နိုင်ငံသား မှန်ကန်ကြောင်း စိစစ်နိုင်ခြင်းမရှိသူများအားလည်း မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဆက်သွယ်ညှိနှိုင်း၍ အတည်ပြုချက် ဆောလျင်စွာ ရရှိရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ဖေါ်ပြအပ်ပါသည်။

လေးစားစွာဖြင့်
မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့



Government Websites

Embassy Websites

Useful Links

Z About Myanmar

Z Travel Information

Z Myanmar News

Z The New Light of Myanmar

Z Myanmar Ahlin

Z Kyaymon (The Mirror)

Z Tourism Myanmar

Embassy of  the Republic of the Union of Myanmar

Address:  No.289, Jalan Ampang Hilir, 55000 Kuala Lumpur, Malaysia.

Tel:  (603) 4251 4455, 4251 5595, 4251 6355

Fax:  (603) 4251 3855

Whatsapp No. for Consular Matters: 6011-25105774

Email:  [email protected]

အဂတိလိုက်စားမှုများ တိုင်ကြားရန်

Malaysia Time

Myanmar Time