inner-banner-02

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချ ထားရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်းများတွင် ပူးပေါင်းပါဝင်နိုင်ရေး ဖိတ်ခေါ်ခြင်း

၁။ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်မည့် ကဏ္ဍဍစုံ လုပ်ငန်းစဉ်များတွင် နိုင်ငံတော် အစိုးရ၊ ပြည်သူများ၊ ပုဂ္ဂလိက၊ ပြည်တွင်း NGO နှင့် CSO များ၊ မိတ်ဖက်နိုင်ငံများ၊ ကုလသမဂ္ဂ အေဂျင်စီများ၊ INGO များ ပူးပေါင်းပါဝင်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် “ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း (Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine – UEHRD)” အား ဖွဲ့စည်း၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ဥက္ကဋ္ဌဌအဖြစ် တာဝန်ယူဆောင်ရွက်ရှိပါသည်။

၂။ အဆိုပါ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်းအား အောက်ဖော်ပြပါ အဓိက လုပ်ငန်းစဉ်ကြီး (၃)ရပ်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ထုတ်ပြန်ခဲ့ပါသည်-

(က) လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ထိထိရောက်ရောက် ပေးအပ်ရေးနှင့် ဒုက္ခသည်များ ပြန်လည်လက်ခံရေး။

(ခ) ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး။
(ဂ) ဒေသဖွံ့ဖြိုးရေးနှင့် ရေရှည် ပဋိပက္ခ ကင်းဝေးရေး။

ထိုသို့ဆောင်ရွက်ရာတွင်လည်းနိုင်ငံတော်၏ ပံ့ပိုးမှုအပြင် ပြည်တွင်း / ပြည်ပ နိုင်ငံ အဖွဲ့အစည်းစုံ ပါဝင်နိုင်မှု၊ ကဏ္ဍဍစုံ/ အလွှာစုံ ပါဝင်နိုင်မှု၊ လုပ်ငန်းမျိုးစုံ ဆောင်ရွက်နိုင်မှုတို့အတွက် ရည်ရွယ်ပြီး ဖွဲ့စည်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ပြည်သူပြည်သားများ၊ ပြည်တွင်း NGO များနှင့် CSO များ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများ ပူးပေါင်းပါဝင်ကြရန် မေတ္တာရပ်ခံထားပြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုး ရေးအတွက် ပံ့ပိုးကူညီပေးရန် ကမ်းလှမ်းထားသည့် နိုင်ငံများ၊ ကုလသမဂ္ဂအေဂျင်စီများ၊ World Bank နှင့် ADB ကဲ့သို့သော ဘဏ္ဍဍာရေး အဖွဲ့အစည်းများ၊ Nippon Foundation ကဲ့သို့သော INGO အဖွဲ့အစည်းများနှင့် မိတ်ဆွေနိုင်ငံများ ပါဝင်ကြရန်လည်း ဖိတ်ခေါ်ထားကြောင်း သိရှိရပါသည်။

၃။ အဆိုပါ စီမံကိန်းနှင့် ပတ်သက်၍ သတင်းအချက်အလက်များနှင့် လှူဒါန်းလိုသူများ ဆက်သွယ်လှူဒါန်းနိုင်မည့် ဘဏ်စာရင်းများကို http://rakhine.unionenterprise.org/ အင်တာနက်စာမျက်နှာများတွင် အောက်ဖော်ပြပါအတိုင်း အသေးစိတ် ဖော်ပြထားပါကြောင်းနှင့် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် နိုင်ငံတကာအဖွဲ့စည်း များမှ ပါဝင်လှူဒါန်းနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်-

US$ Account:
Myanma Economic Bank
Bank Branch: Naypyitaw
Account Number: EDU 600002

Myanmar Kyat Account:
Myanma Economic Bank
Bank Branch: Naypyitaw
Account Number: CF-003434

၄။ တိုက်ရိုက်ဆက်သွယ်လှူဒါန်းချင်သူများအနေဖြင့် မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့၊ တယ်လီဖုန်းအမှတ်၊ (၆၀၃) ၄၂၅၁ ၄၄၅၅ ၊ ၄၂၅၁ ၅၅၉၅ ၊ ၄၂၅၁ ၆၃၅၅ ၊ အီးမေးလ် [email protected] သို့ ဆက်သွယ်စုံစမ်း လှူဒါန်းနိုင်ပါကြောင်း ထပ်မံအသိပေး ကြေညာအပ်ပါသည်။

မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့
၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်

Government Websites

Embassy Websites

Useful Links

Z About Myanmar

Z Travel Information

Z Myanmar News

Z The New Light of Myanmar

Z Myanmar Ahlin

Z Kyaymon (The Mirror)

Z Tourism Myanmar

Embassy of  the Republic of the Union of Myanmar

Address:  No.289, Jalan Ampang Hilir, 55000 Kuala Lumpur, Malaysia.

Tel:  (603) 4251 4455, 4251 5595, 4251 6355

Fax:  (603) 4251 3855

Whatsapp No. for Consular Matters: 6011-25105774

Email:  [email protected]

အဂတိလိုက်စားမှုများ တိုင်ကြားရန်

Malaysia Time

Myanmar Time