Change Rate for Visa
မြန်မာနိုင်ငံကူးလက်မှတ်နှင့် သက်ဆိုင်သည့် ကောက်ခံငွေနှုန်းထားများ ပြောင်းလဲကောက်ခံမည်ဖြစ်ကြောင်း အသိပေးကြေညာခြင်း
၁။ ကွာလာလမ်ပူမြို့၊ မြန်မာသံရုံးမှ ထုတ်ပေးလျက်ရှိသည့် နိုင်ငံကူးလက်မှတ် သက်တမ်းတိုး၍ စာအုပ်အသစ် ထုတ်ပေးခြင်း၊ အပျောက်အတွက် အသစ်ထုတ်ပေးခြင်း၊ ကလေးမွေးဖွား၍ အသစ်ထုတ်ပေးခြင်း၊ ဒဏ်ကြေး၊ ရေစို/ပျက်စီး/အပျောက်ဒဏ်ကြေး စသည်တို့ကို နိုင်ငံတော်မှ ညွှန်ကြားသတ်မှတ်ထားသည့်အတိုင်း အမေရိကန်ဒေါ်လာနှင့်အညီ မလေးရှားရင်းဂစ်သို့ ငွေလဲနှုန်းဖြင့် တွက်ချက်ကောက်ခံရမည်ဖြစ်သဖြင့် ၁-၃-၂၀၁၆ ရက်နေ့မှ စတင်၍ အောက်ဖော်ပြပါ နှုန်းထားများကို ပြောင်းလဲ၍ ကောက်ခံမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်-
(က) နိုင်ငံကူးလက်မှတ်စာအုပ်အသစ်ထုတ်ခြင်း
သတ်မှတ်အမေရိကန်ဒေါ်လာ = ၂၅
လက်ရှိကောက်ခံငေ ွ(ရင်းဂစ်) = ၉၀
တိုးမြှင့်ကောက်ခံမည့်ငွေ (ရင်းဂစ်) = ၁၁၀
(ခ) ဒဏ်ကြေးများ
သတ်မှတ်အမေရိကန်ဒေါ်လာ = ၂၅
လက်ရှိကောက်ခံငွေ (ရင်းဂစ်) = ၉၀
တိုးမြှင့်ကောက်ခံမည့်ငွေ (ရင်းဂစ်) = ၁၁၀
(ဂ) ရေစို/ပျက်စီး/အပျောက်
သတ်မှတ်အမေရိကန်ဒေါ်လာ = ၇၅
လက်ရှိကောက်ခံငွေ (ရင်းဂစ်) = ၂၇၀
တိုးမြှင့်ကောက်ခံမည့်ငွေ (ရင်းဂစ်) = ၃၃၀
၂။ လက်ရှိကောက်ခံနေသည့် နှုန်းထားမှာ (အမေရိကန်ဒေါ်လာ ၁ = ရင်းဂစ် ၃.၃၉) နှုန်းဖြစ်သည့်ကာလက တွက်ချက်ကောက်ခံခဲ့ခြင်းဖြစ်ပြီး၊ မလေးရှားရင်းဂစ်ငွေလဲနှုန်းမှာ ပြောင်းလဲနေသည်မှာ ကြာပြီဖြစ်သော်လည်း အများအားငဲ့ညှာ၍ ငွေလဲနှုန်းပြန်ကျရေး စောင့်ကြည့်နေခဲ့ပါသော်လည်း ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ရန် လိုအပ်ပါသဖြင့် ငွေလဲနှုန်း အတက်အကျပေါ် မူတည်၍ မကြာခဏ ပြောင်းလဲခြင်းမပြုရစေရန်နှင့် တွက်ချက်မှု လွယ်ကူစေရန် (အမေရိကန်ဒေါ်လာ ၁ = ရင်းဂစ် ၄.၄) ဖြင့် အထက်ဖော်ပြပါဇယားအတိုင်း ၁-၃-၂၀၁၆ ရက်နေ့မှ စတင်၍ ပြောင်းလဲကောက်ခံမည်ဖြစ်ကြာင်း ဖော်ပြအပ်ပါသည်။
မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့
၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်
Government Websites
Embassy Websites
Embassy of the Republic of the Union of Myanmar
Address: No.289, Jalan Ampang Hilir, 55000 Kuala Lumpur, Malaysia.
Tel: (603) 4251 4455, 4251 5595, 4251 6355
Fax: (603) 4251 3855
Whatsapp No. for Consular Matters: 6011-25105774
Email: [email protected]

