inner-banner-02

Consular Services

Passport Extension (Renewal of Passport)
Requirement for passport extension (Renewal of passport) are as below;

  • Application form (It is available with free of change at embassy and applicant must fill the form to submit.)
  • CV form (It is available with free of change at embassy and applicant must fill the form and stick photo in the form)
  • Latest income tax receipt (Both original and copy)
  • Original passport
  • Copy of passport (Pages with photo and latest extension)
  • Work Permit (WP) / Employment Permit (EP) (Both original and copy)
  • If applicant is dependent status, list of family member (Issued by Myanmar local immigration), birth certificate, marriage certificate and receipt of return air ticket deposit (who is married with foreigner), must be needed to provide.
  • If applicant is a student, recommendation letter from his/her university/college/school, (Letter must be updated and academic year must be mentioned in the letter.) and Student ID card (Both original and copy) must be needed to provide.

New Passport for Junior Citizen (New Born Baby)
In order to apply new passport for junior citizen (new born baby), requirement are as below;

  • Application (Personal submission)
  • 3 CV forms of parents (1 original, 2 extra copies, available with free of charge at embassy, and stick one photo on each copy.)
    Parents’ marriage certificate (Both original and copy.)
  • Parents’ Passports (Both original and copy)
  • Parents’ income tax receipt (Both original and copy.)
  • List of Family member (copy)
  • Birth certificate of new born baby (Both original and copy)

Loss/Damage of passport
Requirements for loss/damage of passport are as below;

  • Application form (It is available with free of charge at embassy)
  • 3 CV forms of applicant (1 original, 2 extra copies, available with free of charge at embassy, and stick one photo on each copy.)
  • Police report from police department in Malaysia.
  • Copy of Loss/damage passport (Pages with photo and latest extension)
  • If applicant is a tax payer, latest tax receipt must be needed to provide. Both original and copy)
  • If applicant is a student, recommendation letter from his/her university/college/school, (Letter must be updated and academic year must be mentioned in the letter.) and Student ID card (Both original and copy) must be needed to provide.

Status changed from Seaman to Shore Job
In order to apply to change status from seaman to shore job, requirements are as below;

  • Application (Personal submission)
  • CV form of applicant (It is available with free of charge at embassy and stick photo in the form.)
  • Seaman CDC (Both original and copy)
  • 4 Ticket (Original)
  • If applicant is a tax payer, latest tax receipt must be needed to provide. (Both original and copy)
  • Copy of passport (Pages with photo and latest extension)

Explanation for photo (Remark/Notice)

(a) Applicant may bring his/her photo to use for application form only.
(b) But, in order to put photo in the machine readable passport, photo must be taken at embassy. By the computerized systems of machine readable passport)

Requirement on the Applications for Testimonials / Recommendations Letters
For the Testimonials / Recommendation letter of being a dependent
(i) Application Form
(ii) Original and Copy of Passport (Photo page and validity page)
(iii) List of Households/ Marriage Certificate/ Birth Certificate
(iv) Original and Copy of Identity Card
(v) Original and Copy of Tax payment receipt of the head of household if the applicant is dependent on Myanmar Citizen
(vi) Original and Copy of Marriage Certificate and Identity Card of the foreigner if the applicant is dependent on Foreigner

For the Testimonials/ Recommendation letter of being a student

(i) Application Form
(ii) Original and Copy of Student Pass
(iii) Recommendation letter issued by University / College / School concerned
(iv) Original and Copy of Passport (Photo page and validity page)

For the Application to surrender Myanmar Citizenship

(i) Application Form
(ii) Personal History Form (Curriculum Vitae) and Photo
(iii) Copy of immigration Letter
(iv) Original and Copy of passport (photo page and validity page)
(v) Original and Copy of the receipt of tax payment from the Myanmar Embassy
(vi) Original and Copy of the receipt of tax payment of the head of household if the applicant is dependent on him/her

For the application to invite Monks

(i) Invitation letter of the applicant to the Monk
(ii) Copy of the Passport of the application
(iii) Copy of the passport of the Monk
(iv) Copy of the WP/EP of the applicant
(v) Copy of the Buddhist Registration Card of the Monk
(vi) Original and Copy of the Malaysian immigration letter

For the Registration of arriving and staying in abroad

(i) Registration Form
(ii) Original and Copy of Passport

Requesting of Endorsement of being Single/Spinster as a Myanmar National

  • Due to many reasons, Myanmar National who are in Malaysia apply for the Endorsement letter of being Single/Spinster.
  • As for us, Myanmar Embassy, Kuala Lumpur will not issue and recommends for being Single/Spinster letter to any Myanmar nationals for when applicant apply for it according to the relevant instructions.
  • Myanmar Embassy , Kuala Lumpur can not endorse letter of being Single/Spinster, if applicant have notarial translation endorse by the Ministry of Foreign Affairs, Nay Pyi Taw can apply staying of under the guardianship of their parents.
  • When applying for the Embassy’s Endorsement, the applicant must submit original Myanmar Passport, existing stay permit. (original and copy)
  • In such cases, Myanmar Embassy will not issue and endorsement letter to any myanmar applicants to endorse their being single/spinster.
  • However, the Embassy can issue endorsement letter to the applicants starting that they are still under the guardship of their parents.

The procedure in the case of death of a Myanmar National in Malaysia

  • First of all, the immediate relatives (Parents/Wife/Husband/Siblings) of the person who passed away in Myanmar must be informed.
  • The family members in Myanmar must give full information that is related to the dead person and kindly request the permission for the dead person to be burned and cremated, in the foreign land to the Consular and Legal Affairs Department, the Ministry of Foreign Affairs, Nay Pyi Taw, Myanmar.
  • If not wanted to cremate and wanted to dead body to be send back to Myanmar, the relatives must request for the permission as above same procedure.
  • When the letter of the permission of cremating received from the Ministry of Foreign Affairs, Nay Pyi Taw, Myanmar to the Myanmar Embassy, Kuala Lumpur, the relatives/ representative must come and collect the letter from the Embassy.
  • When representatives to collect the letter of permission to cremate the body in Malaysia for dead person, must bring and handover the original passport, death certificate (original and copy), from Malaysia Hospital, original Police report from Company / Enterprise and undertaking from Funeral Service.
  • After cremating the dead person, the relatives/representative can come and apply to the Myanmar Embassy, Kuala Lumpur for the Post Mortem request for the compensation.
  • However, in order to apply for compensation, the cause of death should be due to the accident in the workplace, Besides, he should have come to work in Malaysia legally before death (No free calling)
  • There have been legal and social problems before arising from cremation of the dead body in Malaysia, taking back of the body, bones or ashes to Myanmar.
  • Therefore , in accordance with the wishes of the relating of family member of the dead person, the embassy needs to report back and ask for necessary instructions from the Ministry of Foreign Affairs in Nay Pyi Taw.

နိုင်ငံသားအကျိုးဆိုင်ရာလုပ်ငန်းများ

ပြည်ပရောက် မြန်မာသံရုံးများအနက် ဒုတိယ အလုပ်သမားဦးရေ အများဆုံးရှိသည့် မလေး ရှားနိုင်ငံရှိ မြန်မာသံရုံးအနေဖြင့် ပြည်ပရောက် မြန်မာနိုင်ငံသားများအကျိုး ကာကွယ်စောင့် ရှောက်ရေးဆိုင်ရာလုပ်ငန်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ အခါမလပ် ကူညီဆောင်ရွက်ပေး လျက်ရှိပါသည်။ နိုင်ငံသားအကျိုးဟုဆိုရာတွင် မြန်မာနိုင်ငံသားများ မလေးရှားနိုင်ငံသို့ အကြောင်း အမျိုးမျိုးဖြင့် ရောက်ရှိနစေဉ် သံရုံးအနနှေင့် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်း၊ ဥပဒေ ဘောင်အတွင်းမှ ကူညီစောင့်ရှောက်ပေးနိုင်သည့် ကိစ္စရပ်များအားလုံးကို ဖြေရှင်းဆောင်ရွက်နေ ခြင်းကို ဆိုလိုပါသည်။ သို့ဖြစ်ပါ၍ ကွာလာလမ်ပူမြို့၊ မြန်မာသံရုံး၏ နိုင်ငံသားအကျိုးနှင့် စပ်လျဉ်း၍ ဆောင်ရွက်နေမှုများကို မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများမှ ပွင့်လင်းမြင်သာ မှုရှိစရေန်၊ လွယ်ကူစွာ လိုက်နာဆောင်ရွက်နိုင်ရန်နှင့် ပူးပေါင်းပါဝင်ကူညီနိုင်ပါရန် ပြုစုဖော်အပ် ပါသည်။

မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် နိုင်ငံသားအကျိုးဆိုင်ရာ လုပ်ငန်းများ

၁။ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးလျှောက်ထားခြင်း
(က) မြန်မာနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပေးသည့် နိုင်ငံကူးလက်မှတ်သက်တမ်း တိုးလျှောက်ထားခြင်း
(ခ) ၆P အစီအစဉ်ဖြင့် ထုတ်ပေးသည့် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးလျှောက်ထားခြင်း

၂။ နိုင်ငံကူးလက်မှတ် ပျောက်ဆုံး။ပျက်စီး၍ အသစ်လျှောက်ထားခြင်း
(က) မြန်မာနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပေးသည့် နိုင်ငံကူးလက်မှတ်အသစ် လျှောက်ထားခြင်း
(ခ) ၆P အစီအစဉ်ဖြင့် ထုတ်ပေးသည့် နိုင်ငံကူးလက်မှတ်အသစ် လျှောက်ထားခြင်း
(ဂ) နိုင်ငံကူးလက်မှတ် (မိတ္တူ) အထောက်အထား တင်ပြနိုင်ခြင်း မရှိသူများ နိုင်ငံကူး လက်မှတ်အသစ် လျှောက်ထားခြင်း

၃။ မြန်မာနိုင်ငံသားမိဘ(၂)ဦးမှ မလေးရှားနိုင်ငံ၌ မွေးဖွားသည့် ကလေးငယ်အတွက် မြန်မာ နိုင်ငံကူးလက်မှတ်အသစ် လျှောက်ထားခြင်း

၄။ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ် (Certificate of Identity/ C of I / CI ) လျှောက်ထားခြင်း

၅။ အသိအမှတ်ပြုစာချုပ်နှင့် စာရွက်စာတမ်းများ (နိုထရီပတ်ဗလစ်) ထောက်ခံချက်ပေးခြင်း

၆။ မလေးရှားနိုင်ငံသို့ သံဃာတော်များပင့်ဆောင်ရန် ထောက်ခံချက်ပေးခြင်း

၇။ မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများ ကွယ်လွန်ပါက င်္သဂြိုလ်ခွင့် စာထုတ်ပေးခြင်း

၈။ မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်စဉ် ထိခိုက်ဒဏ်ရာရ။ သေဆုံးသည့် မြန်မာအလုပ် သမားများ၏ လျော်ကြေးကိစ္စဆောင်ရွက်ခြင်း

၉။ ဖမ်းဆီး/ ပြစ်ဒဏ်ကျခံရသော မြန်မာနိုင်ငံသားများအတွက် မြန်မာနိုင်ငံသား မှန်/ မမှန်နှင့် လိုအပ်သည်များ စိစစ်ပေးခြင်း

၁၀။ အောက်ဖော်ပြပါ အခြားထောက်ခံချက်များကို သတ်မှတ်ထားသည့် စာရွက်စာတမ်းများ ပြည့်စုံပါက စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထောက်ခံချက်များ ထုတ်ပေးခြင်း
(က) Special Power နှင့် General Power များ ထောက်ခံပေးခြင်း
(ခ) နိုင်ငံကူးလက်မှတ် (မူရင်း။ မိတ္တူ) မှန်ကန်ကြောင်း ထောက်ခံပေးခြင်း
(ဂ) လူပုဂ္ဂိုလ်တစ်ဦးတည်းဖစြ်ကြောင်း ထောက်ခံပေးခြင်း
(နိုင်ငံကူးလက်မှတ်အကူးအပြောင်းတွင် ယင်းထောက်ခံစာရယူရတတ်ပါသည်။)
(ဃ) နိုင်ငံကူးလက်မှတ်ပျောက်ဆုံးကြောင်း ထောက်ခံပေးခြင်း
(င) ၆ P နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမြှင့်ရန် တင်ပထြားကြောင်း ထောက်ခံစာထုတ် ပေးခြင်း
(စ) မြန်မာယာဉ်မောင်းလိုင်စင် ဘာသာပနြ်ဆို ထောက်ခံပေးခြင်း
(မော်တော်ဆိုင်ကယ်လိုင်စင်၊ အင်တာနရှေင်နယ်လိုင်စင်ထောက်ခံမပေးပါ။)
(ဆ) ဝင်ငွခွေန်ပေးဆောင်ပြီး ဖြစ်ကြောင်း ထောက်ခံပေးခြင်း
(ဇ) မှီခိုသူဖြစ်ကြောင်း ထောက်ခံပေးခြင်း
(ဈ) ကျောင်းသားဖြစ်ကြောင်း ထောက်ခံပေးခြင်း

အထက်ဖော်ပြပါ လုပ်ငန်းများကို ကွာလာလမ်ပူမြို့၊ မြန်မာသံရုံးမှ ဆောင်ရွက်ပေးလျက်ရှိ ပြီး အချိန်တိုအတွင်း ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရန် ယခင်က ဆောင်ရွက်နသေည့် သမားရိုး ကျ (Manual) စနစ်အစား ခေတ်မီ Biometric နည်းပညာသုံးစနစ်များဖြင့် အဆင့်အတန်း မြင့်မားစွာနှင့် လွယ်ကူလျင်မြန် ထိရောက်စွာ နေ့ချင်းပြီး စနစ်တကျ ဆောင်ရွက် လျက်ရှိပါသည်။

မြန်မာသံရုံးမှ မြန်မာနိုင်ငံသားအကျိုးရှေးရှုဆောင်ရွက်ချက်များကို ပိုမိုထိရောက်မှုရှိစရေန် အဖက်ဖက်မှ ဖြည့် ဆည်းဆောင်ရွက်နသေကဲ့သို့ လာရောက်လျှောက်ထားသူများမှလည်း လိုက်နာ ရမည့် အချက်များကို မှန်ကန်စွာ လိုက်နာဆောင်ရွက်နိုင်ပါက ပိုမိုအကျိုးဖြစ်ထွန်းစမေည် ဖြစ်ပါ သည်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံသားများအနေဖြင့် အဆိုပါကိစ္စရပ်များနှင့်ပတ်သက်၍ သံရုံးသို့ လာရောက်လျှောက်ထားရာတွင် သိရှိနားလည်ထားရန် လိုအပ်မည့် အချက်အလက်များကို သတင်း မျှဝအေပ်ပါသည်။

၁။ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးလျှောက်ထားရာတွင် လိုအပ်သည့် အချက်များ

(က) မြန်မာနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပေးသည့် မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်း တိုးလျှောက်ထားခြင်း

  • နိုင်ငံကူးလက်မှတ် (မူရင်း)
  • ယခင်ဝင်ငွခွေန်ပေးဆောင်ခဲ့ဖူးပါက ယင်းဝင်ငွခွေန်ပြစော
  • လျှောက်လွှာပုံစံ (သံရုံး၌ ရယူ၍ ပြည့်စုံစွာ ဖြည့်သွင်းရပါမည်။)
  • နိုင်ငံခြားသား (မလေးရှားနိုင်ငံသား)နှင့် လက်ထပ်ထားသူ (မလေးရှား နိုင်ငံသား မှီခိုသူ) ဖြစ်ပါက နိုင်ငံခြားသား ခင်ပွန်း/ ဇနီး၏ နိုင်ငံသားစိစစ်ရေးကဒ် (မလေးရှား IC မိတ္တူ)၊ လက်ထပ်စာချုပ် (မိတ္တူ)နှင့် အပြန် လေယောဉ်လက်မှတ်ခပြစော (မိတ္တူ)
  • (အပြန် လေယောဉ်လက်မှတ်ခ မပေးသွင်းရသေးပါက မလေးရှားရင်းဂစ် ၈၀၀ /- ပေးဆောင်ရမည် ဖြစ်ပါသည်။)
  • ကျောင်းသား (သို့မဟုတ်) ပညာသင်ကြားနေသူ ဖြစ်ပါက တစ်လအတွင်း ရယူထား သည့် ပညာသင်နှစ်အား ဖော်ပြချက် ပါဝင်သည့် ကျောင်းထောက်ခံစာ (မူရင်း)၊ ကျောင်းသားကတ် (မိတ္တူ)

မှတ်ချက်။ လျှောက်ထားသည့် စာရွက်စာတမ်း ပြည့်စုံမှန်ကန်ပါက သံရုံးမှ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းကို (နေ့ချင်းပြီး) ဆောင်ရွက်ပေးပါသည်။

(ခ) ၆ P အစီအစဉ်ဖငြ့် ထုတ်ပေးသည့် မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးလျှောက်ထားခြင်း

  • ၆ P နိုင်ငံကူးလက်မှတ် (မူရင်း)
  • မြန်မာနိုင်ငံသားစိစစ်ရေးကတ်(မိတ္တူ)
  • မိသားစုစာရင်း/ သန်းခေါင်စာရင်း (မိတ္တူ)
  • လျှောက်လွှာပုံစံ (သံရုံး၌ ရယူ၍ ပြည့်စုံစွာ ဖြည့်သွင်းရပါမည်။)

မှတ်ချက်။ အထက်ဖော်ပြပါ စာရွက်စာတမ်းများ ပြည့်စုံခြင်းရှိ။မရှိ သံရုံးမှ သချောစွာ စိစစ် လက်ခံပြီးနောက် လိုအပ်သော စိစစ်မှုများ ပြုလုပ်ပေးနိုင်ပါရန် မြန်မာနိုင်ငံရှိ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန များသို့ ပေးပို့တင်ပြ ပေးပါသည်။ အဆိုပါဝန်ကြီးဌာနများမှ လိုအပ်သည်များ အဆင့်ဆင့် စိစစ်၍ သတ်မှတ်ချက်များနှင့် ပြည်စုံပါက ခွင့်ပြုချက် ပြန်လည် ပေးပို့ပေးပါသည်။ ခွင့်ပြုမိန့်ရရှိပါက နိုင်ငံကူး လက်မှတ်အသစ် ထုတ်ပေးမည် ဖြစ်ပါသည်။

သံရုံးမှ စတင်လက်ခံသည့်အချိန်မှစ၍ မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီးဌာနများမှ စိစစ်ပြီး ခွင့်ပြုမိန့် ပေးပို့လာသည်အထိ လုပ်ငန်းစဉ်ပေါ်မူတည်၍ ကြာမြင့်ချိန်မှာ အမြန်ဆုံး (၁) လခွဲမှ နောက်အကျဆုံး (၃) လအထိ ဖြစ်ပါသည်။

ခွင့်ပြုမိန့်ကို သံရုံး၏ Information Counter (သို့မဟုတ်) သံရုံး၏ အင်တာနက် စာမျက်နှာ (Website/ Facebook ) များတွင် ကြည့်ရှုနိုင်ပြီး ခွင့်ပြုစာရင်းတွင် မိမိ နာမည်ပါရှိပါက သံရုံးသို့ လာရောက်၍ ၆P သက်တမ်းတိုး နိုင်ငံကူးလက်မှတ် အသစ်အား (နေ့ချင်းပြီး) ထုတ်ယူနိုင်ပါသည်။

ခွင့်ပြုမိန့်ကျသည့်စာရင်းတွင် မပါဝင်ဘဲ၊ အချက်အလက်ကွဲလွဲသူစာရင်း၌ ပါဝင် ပါက သံရုံးသို့လာရောက်၍ ကွဲလွဲသည့်အချက်အား ပြင်ဆင်ပြီး အသစ်တဖန် ပြန်လည်လျှောက်ထားရမည် ဖြစ်ပါသည်။

၂။ နိုင်ငံကူးလက်မှတ်ပျောက်ဆုံး/ ပျက်ဆီး၍အသစ်လျှောက်ထားရာတွင်လိုအပ်သည့်အချက်များ

(က) မြန်မာနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပေးသည့် နိုင်ငံကူးလက်မှတ် ပျောက်ဆုံး/ ပျက်စီး၍ အသစ်လျှောက်ထားခြင်း

  • ပျောက်ဆုံးသွားသည့် နိုင်ငံကူးလက်မှတ် (မိတ္တူ)
  • အခွန်ပြစော (မိတ္တူ)
  • လျှောက်လွှာပုံစံ (သံရုံး၌ ရယူ၍ ပြည့်စုံစွာ ဖြည့်သွင်းရပါမည်။)
  • အလုပ်လုပ်ကိုင်ရာ ကုမ္ပဏီ။လုပ်ငန်းမှ နိုင်ငံကူးလက်မှတ်ပျောက်ဆုံးကြောင်း ထောက်ခံစာ
  • သက်ဆိုင်ရာ အပိုင်ရဲစခန်းမှ နိုင်ငံကူးလက်မှတ်ပျောက်ဆုံးကြောင်း ထောက်ခံစာ
  • သင်္ဘောသားဖြစ်ပါက CDC လက်မှတ်

မှတ်ချက်။ အထက်ဖော်ပပြါ စာရွက်စာတမ်းများ ပြည့်စုံခြင်းရှိ/မရှိ သံရုံးမှ သချောစွာ စိစစ် လက်ခံပြီးနောက် လိုအပ်သော စိစစ်မှုများ ပြုလုပ်ပေးနိုင်ပါရန် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ကူးလက်မှတ်ထုတ် ပေးရေးအဖွဲ့၊ ပြည်ထဲရေး ဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီး ဌာနများသို့ ပေးပို့တင်ပပြေးပါသည်။ အဆိုပါဝန်ကြီးဌာနများမှ လိုအပ်သည်များ အဆင့်ဆင့် စိစစ်၍ သတ်မှတ်ချက်များနှင့် ပြည့်စုံပါက ခွင့်ပြုချက် ပြန်လည်ပေးပို့ ပေးပါသည်။ ခွင့်ပြုမိန့်ရရှိပါက နိုင်ငံကူးလက်မှတ်အသစ် ထုတ်ပေးမည် ဖြစ်ပါသည်။

သံရုံးမှ စတင် လက်ခံသည့် အချိန်မှစ၍ မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီးဌာနများမှ စိစစ်ပြီး ခွင့်ပြုမိန့် ပေးပို့လာသည်အထိ လုပ်ငန်းစဉ်ပေါ်မူတည်၍ ကြာမြင့်ချိန်မှာ အမြန်ဆုံး (၁) လခွဲမှ နောက်အကျဆုံး (၃) လအထိ ဖြစ်ပါသည်။

ခွင့်ပြုမိန့်ကို သံရုံး၏ Information Counter (သို့မဟုတ်) သံရုံး၏ အင်တာနက် စာမျက်နှာ (Website/ Facebook ) များတွင် ကြည့်ရှုနိုင်ပြီး ခွင့်ပြုစာရင်းတွင် မိမိ နာမည်ပါရှိပါက သံရုံးသို့ လာရောက်၍ ၆P သက်တမ်းတိုး နိုင်ငံကူးလက်မှတ် အသစ်အား (နေ့ချင်းပြီး) ထုတ်ယူနိုင်ပါသည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ နိုင်ငံကူးလက်မှတ် အသစ်ထုတ်ယူခွင့် ခွင့်ပြုမိန့်ကျပြီး သူများအား နိုင်ငံကူးလက်မှတ် အသစ်ထုတ်ပေးရာတွင် စာအုပ်အသစ်ခအပြင် ပျောက်ဆုံး/ ပျက်စီး ဒဏ်ကြေး မလေးရှား ရင်းဂစ် ၂၇၀/- ကို ကောက်ခံရမည် ဖြစ်ပါသည်။

(ခ) ၆P အစီအစဉ်ဖြင့်ထုတ်ပေးသည့် နိုင်ငံကူးလက်မှတ် ပျောက်ဆုံး/ပျက်စီး၍ အသစ်လျှောက် ထားခြင်း

  • ပျောက်ဆုံးသွားသည့် နိုင်ငံကူးလက်မှတ် (မိတ္တူ)
  • မြန်မာနိုင်ငံသားစိစစ်ရေးကတ် (မိတ္တူ)
  • မိသားစုစာရင်း/ သန်းခေါင်စာရင်း (မိတ္တူ)
  • လျှောက်လွှာပုံစံ (သံရုံး၌ ရယူ၍ ပြည့်စုံစွာ ဖြည့်သွင်းရပါမည်။)
  • အလုပ်လုပ်ကိုင်ရာ ကုမ္ပဏီ/လုပ်ငန်းမှ နိုင်ငံကူးလက်မှတ် ပျောက်ဆုံးကြောင်း ထောက်ခံစာ
  • သက်ဆိုင်ရာ အပိုင်ရဲစခန်းမှ နိုင်ငံကူး လက်မှတ်ပျောက်ဆုံးကြောင်း ထောက်ခံစာ

မှတ်ချက်။ အထက်ဖော်ပြပါ စာရွက်စာတမ်းများ ပြည့်စုံခြင်းရှိ /မရှိ သံရုံးမှ သချောစွာ စိစစ် လက်ခံပြီးနောက် လိုအပ်သော စိစစ်မှုများ ပြုလုပ်ပေးနိုင်ပါရန် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီး ဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနများသို့ ပေးပို့တင်ပြပေး ပါသည်။ အဆိုပါ ဝန်ကြီးဌာနများမှ လိုအပ်သည်များ အဆင့်ဆင့် စိစစ်၍ သတ်မှတ်ချက်များနှင့် ပြည့်စုံပါက ခွင့်ပြုချက် ပြန်လည်ပေးပို့ပေးပါသည်။ ခွင့်ပြုမိန့်ရရှိပါက နိုင်ငံကူးလက်မှတ် အသစ် ထုတ်ပေးမည် ဖြစ်ပါသည်။

သံရုံးမှ စတင်လက်ခံသည့်အချိန်မှစ၍ မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီးဌာနများမှ စိစစ်ပြီး ခွင့်ပြုမိန့် ပေးပို့လာသည်အထိ လုပ်ငန်းစဉ်ပေါ်မူတည်၍ ကြာမြင့်ချိန်မှာ အမြန်ဆုံး (၁) လခွဲမှ နောက်အကျဆုံး (၃) လအထိ ဖြစ်ပါသည်။

ခွင့်ပြုမိန့်ကို သံရုံး၏ Information Counter (သို့မဟုတ်) သံရုံး၏ အင်တာနက် စာမျက်နှာ (Website/ Facebook ) များတွင် ကြည့်ရှုနိုင်ပြီး ခွင့်ပြုစာရင်းတွင် မိမိနာမည် ပါရှိပါက သံရုံးသို့ လာရောက်၍ ၆P သက်တမ်းတိုး နိုင်ငံကူးလက်မှတ် အသစ်အား (နေ့ချင်းပြီး) ထုတ်ယူနိုင်ပါသည်။
ခွင့်ပြုမိန့်ကျသည့်စာရင်းတွင် မပါဝင်ဘဲ၊ အချက်အလက်ကွဲလွဲသူစာရင်း၌ ပါဝင် ပါက သံရုံးသို့လာရောက်၍ ကွဲလွဲသည့်အချက်အား ပြင်ဆင်ပြီး အသစ်တဖန် ပြန်လည်လျှောက်ထားရမည် ဖြစ်ပါသည်။

– လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနမှ နိုင်ငံသားစိစစ်/ အတည်ပြုပြီး ၆P နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခွင့်ကျပြီးသူများအား နိုင်ငံကူးလက်မှတ်အသစ်ထုတ်ပေးရာတွင် စာအုပ်အသစ်ခ အပြင် တံဆိပ်တုံးအတုများထု၍ တရားမဝင် သက်တမ်းတိုးထားခြင်းများရှိလျင် ဒဏ်ကြေးရင်းဂစ် ၉၀/- ပေးဆောင်ရမည် ဖြစ်ပါသည်။ ၆P နိုင်ငံကူးလက်မှတ်များအား လျှောက်ထားခဲ့စဉ်ကာလ အတွင်း စာအုပ်သက်တမ်း လွန်သွားပါက သက်တမ်းလွန် ဒဏ်ကြေးနှင့် အခွန်ငွေ ကောက်ခံခြင်း မရှိပါ။

(ဂ) နိုင်ငံကူးလက်မှတ် (မိတ္တူ) အထောက်အထား တင်ပြနိုင်ခြင်း မရှိသူများ နိုင်ငံကူးလက်မှတ် အသစ် လျှောက်ထားခြင်း

  • မြန်မာနိုင်ငံသား စိစစ်ရေးကတ် (မိတ္တူ)
  • မိသားစုစာရင်း/ သန်းခေါင်စာရင်း (မိတ္တူ)
  • လျှောက်လွှာပုံစံ (သံရုံး၌ ရယူ၍ ပြည်စုံစွာ ဖြည့်သွင်းရပါမည်။)
  • အလုပ်လုပ်ကိုင်ရာ ကုမ္ပဏ/လုပ်ငန်းမှ နိုင်ငံကူးလက်မှတ်ပျောက်ဆုံးကြောင်း ထောက်ခံစာ
  • သက်ဆိုင်ရာ အပိုင်ရဲစခန်းမှ နိုင်ငံကူးလက်မှတ်ပျောက်ဆုံးကြောင်း ထောက်ခံစာ

မှတ်ချက်။ အထက်ဖော်ပပြါ စာရွက်စာတမ်းများ ပြည်စုံခြင်းရှိ/ မရှိ သံရုံးမှ သေချာစွာ စိစစ် လက်ခံပြီးနောက် လိုအပ်သော စိစစ်မှုများ ပြုလုပ်ပေးနိုင်ပါရန် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကပြ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမား၊ အလုပ်အကိုင် နှင့်လူမှုဖူလုံရေး ဝန်ကြီးဌာနများသို့ ပေးပို့တင်ပြပေးပါသည်။ အဆိုပါဝန်ကြီး ဌာနများမှ လိုအပ်သည်များ အဆင့်ဆင့်စိစစ်၍ သတ်မှတ်ချက်များနှင့် ပြည်စုံပါက ခွင့်ပြုချက် ပြန်လည် ပေးပို့ပေးပါသည်။ ခွင့်ပြုမိန့်ရရှိပါက နိုင်ငံကူးလက်မှတ် အသစ် ထုတ်ပေးမည် ဖြစ်ပါသည်။

သံရုံးမှ စတင်လက်ခံသည့်အချိန်မှစ၍ မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီးဌာနများမှ စိစစ်ပြီး ခွင့်ပြုမိန့် ပေးပို့လာသည်အထိ လုပ်ငန်းစဉ်ပေါ်မူတည်၍ ကြာမြင့်ချိန်မှာ အမြန်ဆုံး (၁) လခွဲမှ နောက်အကျဆုံး (၃) လအထိ ဖြစ်ပါသည်။

ခွင့်ပြုမိန့်ကို သံရုံး၏ Information Counter (သို့မဟုတ်) သံရုံး၏ အင်တာနက် စာမျက်နှာ (Website/ Facebook ) များတွင် ကြည့်ရှုနိုင်ပြီး ခွင့်ပြုစာရင်းတွင် မိမိနာမည် ပါရှိပါက သံရုံးသို့ လာရောက်၍ ၆P သက်တမ်းတိုး နိုင်ငံကူးလက်မှတ် အသစ်အား (နေ့ချင်းပြီး) ထုတ်ယူနိုင်ပါသည်။

ခွင့်ပြုမိန့်ကျသည့်စာရင်းတွင် မပါဝင်ဘဲ၊ အချက်အလက်ကွဲလွဲသူစာရင်း၌ ပါဝင် ပါက သံရုံးသို့လာရောက်၍ ကွဲလွဲသည့်အချက်အား ပြင်ဆင်ပြီး အသစ်တဖန် ပြန်လည်လျှောက်ထားရမည် ဖြစ်ပါသည်။

၃။ မြန်မာနိုင်ငံသားမိဘ(၂)ဦးမှ မလေးရှားနိုင်ငံ၌ မွေးဖွားသည့် ကလေးငယ်အတွက် မြန်မာ နိုင်ငံကူးလက်မှတ်အသစ် လျှောက်ထားရာတွင် လိုအပ်သည့် အချက်များ

  • မိဘ (၂) ဦး၏ နိုင်ငံကူးလက်မှတ် (မိတ္တူ) များ
  • မိဘ (၂) ဦး၏ လက်ထပ်စာချုပ် (မိတ္တူ)
  • အလုပ်လုပ်ကိုင်သူ ဖခင် (သို့မဟုတ်) မိခင်၏ ဝင်ငွခွေန်ဆောင်ဖြတ်ပိုင်း
  • မွေးဖွားသည့် ကလေးငယ်၏ မလေးရှားနိုင်ငံထုတ် မွေးစာရင်း (မူရင်း/ မိတ္တူ)
  • လျှောက်လွှာပုံစံ (သံရုံး၌ ရယူ၍ ပြည့်စုံစွာ ဖြည့်သွင်းရပါမည်။)
  • မိဘ (၂) ဦးနှင့် ကလေးငယ်၏ ဓါတ်ပုံ (၃) ပုံစီ

မှတ်ချက်။ အထက်ဖော်ပြပါ စာရွက်စာတမ်းများ ပြည်စုံခြင်းရှိ/ မရှိ သံရုံးမှ သချောစွာ စိစစ် လက်ခံပြီးနောက် လိုအပ်သော စိစစ်မှုများ ပြုလုပ်ပေးနိုင်ပါရန် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီး ဌာနများသို့ ပေးပို့တင်ပပြေးပါသည်။ အဆိုပါဝန်ကြီးဌာနများမှ လိုအပ်သည်များ အဆင့်ဆင့် စိစစ်၍ သတ်မှတ်ချက်များနှင့် ပြည့်စုံပါက ခွင့်ပြုချက် ပြန်လည်ပေးပို့ ပေးပါသည်။ ခွင့်ပြုမိန့်ရရှိပါက နိုင်ငံကူးလက်မှတ်အသစ် ထုတ်ပေးမည် ဖြစ်ပါသည်။

သံရုံးမှ စတင်လက်ခံသည့်အချိန်မှစ၍ မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီးဌာနများမှ စိစစ်ပြီး ခွင့်ပြုမိန့် ပေးပို့လာသည်အထိ လုပ်ငန်းစဉ်ပေါ်မူတည်၍ ကြာမြင့်ချိန်မှာ အမြန်ဆုံး (၁) လခွဲမှ နောက်အကျဆုံး (၃) လအထိ ဖြစ်ပါသည်။

ခွင့်ပြုမိန့်ကို သံရုံး၏ Information Counter (သို့မဟုတ်) သံရုံး၏ အင်တာနက် စာမျက်နှာ (Website/ Facebook ) များတွင် ကြည့်ရှုနိုင်ပြီး ခွင့်ပြုစာရင်းတွင် နာမည်ပါရှိပါက သံရုံးသို့ လာရောက်၍ နိုင်ငံကူးလက်မှတ်အသစ်အား (နေ့ချင်းပြီး) ထုတ်ယူနိုင်ပါသည်။

(က) မြန်မာနိုင်ငံသားမိဘ (၂)ဦးမှ မလေးရှားနိုင်ငံ၌ မွေးဖွားသည့် ကလေးငယ်အတွက် နိုင်ငံ ကူးလက်မှတ်အသစ် လျှောက်ထားနိုင်ပါသည်။ လျှောက်ထားရာတွင် မိဘ(၂)ဦးအနက် တစ်ဦးသည် Employment Pass (EP) ကိုင်ဆောင်ထားသူ ဖြစ်ရပါမည်။

(ခ) အထွထွေအေလုပ်သမား (General Worker) များအနေဖြင့် မလေးရှားအစိုးရ၏ သတ်မှတ်ချက် အရ အိမ်ထောင်ပြုခွင့်၊ ကလေးမွေးဖွားခွင့် မရှိ(မရှိ) ပါ။ သို့ရာတွင် ၎င်းတို့ ဆန္ဒအလျောက် (၂)ဦးသဘောတူ အိမ်ထောင်ပြု၍ ကလေးမွေးဖွားခဲ့ပါက မွေးစာရင်း ထုတ်ယူ၍ရသော်လည်း အဆိုပါ လက်မှတ်သည် မလေးရှားနိုင်ငံတွင် တရားဝင်နေထိုင်ခွင့် မရှိပါသဖြင့် ၎င်းကလေးငယ်အတွက် သံရုံး၌ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity/ C of I/ CI ) သတ်မှတ်ချက်များနှင့်အညီ လျှောက် ထား၍ မိဘတစ်ဦးဦးမှ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးရမည် ဖြစ်ပါသည်။

၄။ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity/ C of I / CI ) လျှောက်ထားရာတွင် လိုအပ်သည့် အချက်များ

  • မြန်မာနိုင်ငံသားစိစစ်ရေးကတ် (မူရင်း သို့မဟုတ် မိတ္တူ)
  • အိမ်ထောင်စုစာရင်း/ သန်းခေါင်စာရင်း (မိတ္တူ)
  • လျှောက်လွှာပုံစံ (သံရုံး၌ ရယူ၍ ပြည့်စုံစွာ ဖြည့်သွင်းရပါမည်။)
  • မလေးရှားနိုင်ငံ၌ မွေးဖွားသည့် ကလေးငယ်များအတွက် မလေးရှားနိုင်ငံထုတ် မွေးစာရင်း (မူရင်း)

မှတ်ချက်။ နိုင်ငံသားဖြစ်ကြောင်း မှန်ကန်ကြောင်း စိစစ်ရန် (ပြန်လည်စိစစ်ရန်) လျှောက်ထား သူမှ မြန်မာနိုင်ငံသားစိစစ်ရေးကဒ် (မူရင်း။မိတ္တူ) နှင့် အိမ်ထောင်စုစာရင်းများ (စာရွက်စာတမ်းအထောက်အထားဖြင့်) တင်ပြပေးရန် လိုအပ်ပါသည်။

သက်တမ်းရှိ နိုင်ငံကူးလက်မှတ်အား ကိုင်ဆောင်ထားပါက C of I လျှောက် ထားစရာ မလိုဘဲ သံရုံးမှ ထောက်ခံစာရယူ၍ မလေးရှားနိုင်ငံ၊ လူဝင်မှုကြီးကြပ် ရေးဌာန၌ Check-out memo ပြုလုပ်၍ Special Pass ထုတ်ယူနိုင်ပါသည်။

C of I ကို Check-out memo ပြုလုပ်ရန် ထောက်ခံစာနှင့်အတူ သံရုံး၌ (နေ့ချင်းပြီး အခမဲ့) ထုတ်ပေးပါသည်။

*(က) လေယောဉ်လက်မှတ်ခနှင့် Check-out memo ပြုလုပ်ရာတွင် မလေးရှားလူဝင်မှု ကြီး ကြပ်ရေးဌာန၌ ပေးဆောင်ရမည့် ဒဏ်ကြေးများကို ကာယကံရှင်မှ ကျခံပေးရပါမည်။ ယင်းသို့ ပေးဆောင်/ ကျခံခငြ်းသည် မြန်မာသံရုံးနှင့် ပတ်သက်ခြင်းမရှိပါကြောင်းနှင့် မြန်မာသံရုံးသို့ ပေးဆောင်ရခြင်း မဟုတ်ပါကြောင်း အသိပေးအပ်ပါသည်။

(ခ) မြန်မာသံရုံးအနေဖြင့် C of I နှင့် တစ်ဦးချင်းအတွက် ထောက်ခံစာများ အခမဲ့ထုတ်ပေးပြီး နောက် မြန်မာနိုင်ငံသားများသည် မလေးရှားနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးဌာနသို့ ကိုယ်တိုင် ဆက်သွယ်၍ လိုအပ်သောရုံးလုပ်ငန်းများအား ဆောင်ရွက်ကြ ရမည်ဖြစ်သော်လည်း အေး ဂျင့်များ၊ ပွဲစားများ၊ အသင်းအဖွဲ့များထံတွင် ငွေပေး၍ အလုပ်အပ်နှံခြင်းသည် ကာယကံရှင် များ၏ ဆန္ဒအရသာဖြစ်ပြီး သံရုံးအနေဖြင့် သဘောထားမှတ်ချက် ဖော်ပြရန် မရှိပါကြောင်း ဖော်ပြအပ်ပါသည်။

** C of I လျှောက်ထားသူများ သတိပြုလိုက်နာရမည့်အချက်
(က) C of I လျှောက်ထားသူများထံ၌ သက်တမ်းလွန် နိုင်ငံကူး လက်မှတ်များရှိပါက မဖြစ်မနေ ပြန်လည်အပ်နှံရမည် ဖြစ်ပါသည်။ နိုင်ငံကူးလက်မှတ်နှင့် C of I (၂) မျိုးလုံး ကိုင်ဆောင် ခွင့်မရှိ (မရှိ) ပါ။

(ခ) C of I ၏ သတ်မှတ် သက်တမ်းကာလ အတွင်း မြန်မာနိုင်ငံသို့ ပြန်ရမည်ဖြစ်ပါသည်။ ထူးခြားကိစ္စမှလွဲ၍ ပုံမှန်အားဖြင့် သက်တမ်းတိုးမြှင့်ခွင့် မရှိပါ။ မြန်မာနိုင်ငံသို့ ပြန်ရန် အတွက်သာ ထုတ်ပေးခြင်း ဖြစ်ပါသည်။ မလေးရှားနိုင်ငံ၌ ဆက်လက်နေထိုင်၊ အလုပ်လုပ် ကိုင်ရန် ထုတ်ပေးခြင်း မဟုတ်ပါ။ C of I ကိုင်ဆောင်ထားသော်လည်း မလေးရှားနိုင်ငံ၌ ဆက်လက်နေထိုင် အလုပ်လုပ်ကိုင် နေပါက မလေးရှား အာဏာပိုင်များမှ အချိန်မရွေး ဖမ်းဆီးနိုင်ကြောင်း သတိပြုစေလိုပါသည်။

(ဂ) မလေးရှားနိုင်ငံ၌ မွေးဖွားသည့် ကလေးငယ်များအတွက် C of I လျှောက်ထားရာတွင် တင်ပြသည့် မလေးရှားနိုင်ငံထုတ် မွေးစာရင်းတွင် အမှန်တကယ် မွေးဖွားသည့် မိဘ (၂)ဦးလုံး၏ အမည်အား ဖော်ပြပါရှိရန် လိုပါသည်။ သို့မဟုတ်ပါက မလေးရှားလေဆိပ်၌ လူဝင်မှုကြီးကြပ်ရေးဌာနမှ စိစစ် ရာ၌ မိဘအမည်များ ကွဲလွဲမှုရှိလျင် မလေးရှားနိုင်ငံမှ ထွက်ခွာခွင့်ပြု မည်မဟုတ်ကြောင်း အသိပေးအပ်ပါသည်။

၅။ အသိအမှတ်ပြုစာချုပ်နှင့် စာရွက်စာတမ်းများ (နိုထရီပတ်ဗလစ်) ထောက်ခံချက်ရယူရာတွင် လိုအပ်သည့် အချက်များ

မြန်မာနိုင်ငံမှ လက်ထပ်စာချုပ်၊ အောင်လက်မှတ်များ၊ မြန်မာနိုင်ငံသားစိစစ်ရေးကဒ်၊ အိမ်ထောင် စုစာရင်း အစရှိသည့် စာရွက်စာတမ်းများ မှန်ကန်ကြောင်း သံရုံး၏ ထောက်ခံချက်ရယူရာတွင် အောက်ဖော်ပပြါ လုပ်ထုံးလုပ်နည်း အဆင့် (၃)ဆင့်ဖြင့် ဆောင်ရွက်ရပါသည် –

ပထမအဆင့် – မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ မဟာဗန္ဓုလလမ်း (ဘားလမ်း) ရှိ အမိန့်ရ ရှေ့နမျေားထံ၌ ထောက်ခံချက်ရယူလိုသည့် စာရွက်စာတမ်းအား အင်္ဂလိပ်စာ ဘာသာပြန်ဆို၍ နိုထရီပတ်ဗလစ် ပြုလုပ်ရပါမည်။

ဒုတိယအဆင့် – မြန်မာအမိန့်ရ ရှေ့နမျေားမှ ဘာသာပြန်ဆိုပြီး၊ နိုထရီပတ်ဗလစ် ပြုလုပ်ထားသည့် စာရွက်စာတမ်းအား ရန်ကုန်မြို့၊ ပြည်လမ်း (ပဲခူး ကလပ်မှတ်တိုင်) ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ သွားရောက်၍ ထပ်ဆင့်ထောက်ခံချက် ရယူရပါမည်။

တတိယအဆင့် – မြန်မာနိုင်ငံရှိ ရှေ့နေ၏ ထောက်ခံချက်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထပ်ဆင့် ထောက်ခံချက်များ ရယူပြီးပါက မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ မြန်မာသံရုံးမှ အပြီးသတ် ထောက်ခံချက်အား ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။

မှတ်ချက်။ လျှောက်ထားသူသည် အထက်ဖော်ပြပါ ပထမအဆင့်နှင့် ဒုတိယအဆင့် ထောက်ခံချက်များအား ရယူပြီးမှသာလျှင် သံရုံးသို့လာရောက်၍ တတိယအဆင့် (နောက်ဆုံး) အပြီးသတ် ထောက်ခံချက်ကို ရယူရမည်ဖြစ်ပါသည်။

ယင်းသို့လျှောက်ထားခြင်းအတွက် အောက်ဖော်ပြပါ စာရွက်စာတမ်းများ တင်ပြရန် လိုအပ်ပါသည် –

(၁) မြန်မာနိုင်ငံရှိ ရှေ့နေ၏ထောက်ခံချက်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထပ် ဆင့်ထောက်ခံချက်များရယူပြီး သံရုံးထောက်ခံချက်ရယူမည့် နိုထရီပတ်ဗ လစ် (မိတ္တူ)
(၂) ထောက်ခံချက်ရယူမည့် နိုထရီပတ်ဗလစ်မိတ္တူ၏ မူရင်းအထောက်အထား စာရွက်စာတမ်း (ဥပမာ- လက်ထပ်စာချုပ်နိုထရီပတ်ဗလစ် ထောက်ခံချက် အတွက် လက်ထပ်စာချုပ် (မူရင်း) တင်ပပြေးရန်)

*မလေးရှားအစိုးရ အသိအမှတ်ပြုစာချုပ်နှင့် စာရွက်စာတမ်းများ (နိုထရီပတ်ဗလစ်) စာရွက် စာတမ်းများထောက်ခံပေးရာတွင်လည်း အထက်ဖော်ပြပါအတိုင်း မလေးရှားရှေ့နေ ထောက်ခံ ချက်။ ဘာသာပြန်ဆိုချက်နှင့် မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထောက်ခံချက်များ လိုအပ် ပါသည်။

၆။ မလေးရှားနိုင်ငံသို့ သံဃာတော်များပင့်ဆောင်ရန် ထောက်ခံရာတွင် လိုအပ်သည့်အချက်များ

ကြွရောက်မည့်သံဃာတော်၏ နိုင်ငံကူးလက်မှတ် (မိတ္တူ) နှင့် သာသနာဝန်ထမ်း ကတ် (မိတ္တူ)
ပင့်ဆောင်သူ၏ နိုင်ငံကူးလက်မှတ် (မိတ္တူ) သို့မဟုတ် မလေးရှားနိုင်ငံသား ဖြစ်ပါက နိုင်ငံသားစိစစ်ရေးကတ် (မိတ္တူ)

မှတ်ချက်။ သံဃာတော်များ ပင့်ဆောင်ရန်အတွက်သာ ထောက်ခံပေးပါသည်။ လူပုဂ္ဂိုလ်များ ပါဝင်ခြင်း မရှိ (မရှိ) စရေ၊ လူပုဂ္ဂိုလ်များအတွက် ထောက်ခံချက်မပေးပါ။

၇။ မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများ ကွယ်လွန်ပါက င်္သဂြိုလ်ခွင့် လျှောက်ထားရာ တွင် လိုအပ်သည့် အချက်များ

  • မလေးရှားနိုင်ငံရောက်မြန်မာနိုင်ငံသားများ ကွယ်လွန်ပါက ရှေးဦးစွာ မြန်မာနိုင်ငံရှိ ကွယ်လွန်သူ၏ မိသားစုဝင်များထံ အကြောင်းကြားရန် လိုအပ်ပါသည်။
  • ၄င်းမိသားစုဝင်တစ်ဦးဦးမှ နေပြည်တော်၊ နိုင်ငံခြားရေးဝန်ကြီးဌာနရှိ ကောင်စစ်ရေးရာနှင့် ဥပဒရေးရာဌာန၊ နိုင်ငံသားအကျိုးဌာနစိတ် (ဖုန်းအမှတ် ၀၉၅-၀၆၇-၄၁၂၀၆၃ နှင့် ၀၉၅-၀၆၇-၄၁၂၁၈၅) သို့သတင်းပေးပို့၍ မလေးရှားနိုင်ငံ၌ င်္သဂြိုလ်ခွင့်ပြုကြောင်း (သို့မဟုတ်) မြန်မာနိုင်ငံသို့ အလောင်းပြန် လည်သယ်ယူလိုကြောင်း (သို့မဟုတ်) ကြွင်း ကျန်ရစ်သည့်အရိုးပြာအား မြန်မာနိုင်ငံသို့ ပြန်လည်သယ်ယူလိုကြောင်း အစရှိသဖြင့် မိသားစု ဆန္ဒသဘောတူညီချက် (Family consent) အား သတင်းပို့တင်ပြနိုင်ပါသည်။
  • တင်ပြသူ မိသားစုဝင်၏ နိုင်ငံသား စိစစ်ရေးကဒ် အမှတ်ကိုပါ ပြောကြားရန်လိုပါသည်။ ယင်းနောက် နိုင်ငံခြားရေးဝန်ကြီးဌာနမှ မလေးရှားနိုင်ငံ၊ မြန်မာသံရုံးသို့ မိသားစု၏ သဘောတူညီချက်အား စာဖြင့် ပေးပို့ညွှန်ကြားလာပါက သံရုံး၌ င်္သဂြိုလ်ခွင့်ပြုမိန့်စာအား လာရောက်ထုတ်ယူနိုင်ပါသည်။
  • အကယ်၍ မလေးရှားနိုင်ငံ၌ ကွယ်လွန်သူ၏ မိသားစုဝင်အရင်းအချာတစ်ဦးဦးရှိပါက မိသားစုဝင်ဖစြ်ကြောင်း (တော်စပ်ကြောင်း) အထောက်အထားတစ်ခု (အိမ်ထောင်စု စာရင်း။နိုင်ငံသားစိစစ်ရေးကဒ်) တင်ပြလျက် မိသားစုသဘောတူညီချက်ပေး၍ င်္သဂြိုလ် ခွင့်ပြုမိန့်စာအား လာရောက်ထုတ်ယူနိုင်ပါသည်။

သေဆုံးသူနှင့် ပတ်သက်၍ သံရုံး၌ခွင့်ပြုချက်ရယူရာတွင် အောက်ဖော်ပြပါ စာရွက်စာတမ်းများ တင်ပြရန်လိုအပ်ပါသည်-

  • မလေးရှားနိင်ငံမှတ်ပုံတင်ဌာန (JPN) မှထုတ်ပေးသည့် သစောရင်း (မူရင်း)
  • မူခင်းနှင့်သေဆုံးသူ ဖြစ်ပါက ရဲစခန်းထောက်ခံချက် (ခွင့်ပြုမိန့်)
  • အလုပ်လုပ်ကိုင်ရာ ကုမ္ပဏီ/ လုပ်ငန်း ၏လျှောက်ထားချက် (မတ္တောရပ်ခံချက်)
  • ကွယ်လွန်သူ၏ မြန်မာနိုင်ငံကူးလက်မှတ် (မူရင်းနှင့် မိတ္တူ )

မှတ်ချက်။ (၁) မှုခင်း (လူသတ်မှု) ဖြင့် သေဆုံးခြင်း၊ လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာ ရမှုကြောင့် သေဆုံးခြင်း များအတွက် ရင်ခွဲစစ်ဆေးချက် ( Post Mortem Report ) အတွက် သံရုံးထောက်ခံကိုလည်း အထက်ဖော်ပြပါ စာရွက် စာတမ်းများအတိုင်း လျှောက်ထားရမည် ဖြစ်ပါသည်။

(၂) အထက်ပါ စာရွက်စာတမ်းများမှာ သေဆုံးသူ တရားဝင်အလုပ်သမားမှ လုပ်ငန်းခွင်အတွင်း သေဆုံးပါက လျော်ကြေးတောင်းခံ ဆောင်ရွက်ပေးနိုင်ရန် အတွက် တောင်းခံခြင်းဖြစ်ပါသည်။ သေဆုံးသူမှာ တရားမဝင်အလုပ်သမား ဖြစ်ပါက လျော်ကြေးကိစ္စများ ဆောင်ရွက်ရန် အကျုံးမဝင်သဖြင့် သေဆုံးသူ၏ Death Certificate နှင့် ၎င်းမိသားစု၏ လျှောက်ထားစာကို လက်ခံ ရရှိပါက သံရုံးထောက်ခံစာကို အထက်ပါ စာရွက်စာတမ်းများ မပြည့်စုံသော်လည်း ထုတ်ပေးလျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။

၈။ မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်စဉ် ထိခိုက်ဒဏ်ရာရ။ သေဆုံးသည့် မြန်မာအလုပ် သမားများ၏ လျော်ကြေးကိစ္စ ဆောင်ရွက်ရာတွင် လိုအပ်သည့် လုပ်ငန်းစဉ်အဆင့်ဆင့်

– မလေးရှားနိုင်ငံမှ အလုပ်ရှင်ကုမ္ပဏီ (သို့မဟုတ်) အေးဂျင့်တို့က မြန်မာသံရုံးသို့ သေဆုံးကြောင်း အကြောင်းကြားပြီးနောက် သေဆုံးသူ၏ နိုင်ငံကူးလက်မှတ်နှင့် အခြားသက်ဆိုင် ရာ စာရွက်စာတမ်းများကို သံရုံးသို့ ပေးပို့လာပါမည်။
– အလုပ်ရှင်ကုမ္ပဏီမှ အလုပ်သမား၏ အမည်ဖြင့် အာမခံထားသည့် အာမခံကုမ္ပဏီနှင့် ဆက်သွယ်၍ သေဆုံးသူအလုပ်သမားမှ လျော်ကြေး ရ/ မရ ဆက်သွယ် ဆောင်ရွက်ရပါ မည်။
– အလုပ်ရှင်ကုမ္ပဏီအနေဖြင့် အာမခံကုမ္ပဏီမှ လျော်ကြေးပေးအပ်မည်ဆိုပါက သက်ဆိုင် သည့် မလေးရှားပြည်နယ်/ နယ်မြေ အလုပ်သမားရုံးမှ မြန်မာသံရုံးသို့ ဆက်သွယ်ပြီး၊ ကျန်ရှိသည့် မိသားစုနှင့်ဆက်သွယ်၍ ပုံစံ Form-H နှင့် လိုအပ်သည့် အထောက်အထား စာရွက်စာတမ်းများ တောင်းခံပေးရန် အကြောင်းကြားပါမည်။
– မနြ်မာသံရုံးအနဖေငြ့် အဆိုပါ ပုံစံ Form-H လက်ခံရရှိလျင် ရရှိခြင်း မြန်မာနိုင်ငံ၊ နိုင်ငံခြား ရေးဝန်ကြီးဌာန၊ နေပြည်တော်သို့ ဆက်လက်ပေးပို့၍ သက်ဆိုင်ရာကျန်ရှိသည့် မိသားစုမှ လိုအပ်သည့် အချက်အလက်များ ဖြည့်စွက်ပြီး အထောက်အထားများနှင့်အတူ မြန်မာသံရုံး သို့ ပြန်လည်ပေးပို့ရပါမည်။ အဆိုပါပုံစံတွင် ဖြည့်စွက်ထားသည့် မှီခိုသူအမည်သည် ကာယကံရှင် အလုပ်သမားမှ ယခင်ကတည်းက ဖြည့်စွက်ထားသည့် အမည်များသာ ဖြစ်ရ ပါမည်။
– နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆိုပါပုံစံနှင့် လိုအပ်သည့် အထောက်အထားစာရွက်စာတမ်း များအား ပေးပို့လာပါက မြန်မာသံရုံးမှ မလေးရှားနိုင်ငံရှိ သက်ဆိုင်ရာ အလုပ်သမားရုံးသို့ ဆက်လက်ပေးပို့သွားမည် ဖစြ်ပါသည်။ ယင်းနောက် မြန်မာသံရုံးသည် သက်ဆိုင်ရာ အလုပ်သမားရုံးမှ ပြန်လည်ပေးပို့လာမည့် ချက်လက်မှတ်အား စောင့်ဆိုင်းခြင်း (သို့ မဟုတ်) ပူထရာဂျားယား အလုပ်သမားရုံးမှ လျော်ကြေးရရှိမည့် အလုပ်သမားစာရင်း ပေးပို့ခြင်းတို့ကို စောင့်ဆိုင်းရပါမည်။
– ချက်လက်မှတ်ပေးပို့လာပါက မနြ်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် သက်ဆိုင် ရာ ကာယကံရှင်ထံသို့ ပေးပို့ပေးပါမည်။
– မလေးရှားအစိုးရအနေဖြင့် တစ်ခါတစ်ရံ အထက်ဖော်ပြပါအတိုင်း ပေးပို့ခြင်းမပြု (မပြု) ဘဲ ရန်ကုန်မြို့ရှိ၊ မလေးရှားသံရုံးသို့ လျော်ကြေးငွေ တိုက်ရိုက်ပေးပို့သည်များလည်း ရှိပါ သည်။ ယင်းသို့ ပေးပို့နည်းမှာ –
– ပူထရာဂျားယားအလုပ်သမားရုံးမှ လျော်ကြေးရရှိမည့် စာရင်းအား သံရုံးသို့ ပေးပို့ ပါသည်။ သံရုံး၏ အကြောင်းကြားချက်အရ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီး ဌာနသည် သက်ဆိုင်ရာကာယကံရှင်ထံသို့ အကြောင်းကြားပါသည်။ ထိုအခါ ရန်ကုန်မြို့ရှိ မလေးရှားသံရုံးတွင် လျော်ကြေးငွေကို ထုတ်ယူရပါမည်။

မှတ်ချက်။ (က) တရားဝင်စာချုပ်စာတမ်းဖြင့် လာရောက်အလုပ်လုပ်ကိုင်လျက်ရှိသော် တရားဝင် အလုပ်သမားများသာ လျော်ကြေးငွေကိစ္စ အကျုံးဝင်ပါသည်။

(ခ) အထက်ပါလုပ်ငန်းစဉ်အတိုင်း လျော်ကြေးငွေ ပေးအပ်ရာတွင် မလေးရှား နိုင်ငံ အလုပ်သမားလျော်ကြေးဥပဒစေည်းမျဉ်းအရ မြန်မာနိုင်ငံရှိ မှီခိုသူ မိသားစု၏ အမည်များဖြင့် အမေရိကန်ဒေါ်လာ Bank Draft/ Cheque များကို ထုတ်ပေးခြင်း ဖြစ်ပါသည်။ ယခင်က မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ ထားသည့် အမေရိကန်နိုင်ငံ၏ Sanction ကြောင့် လျော်ကြေးငွေ Bank Cheque များအား ထုတ်ပေးနိုင်ခြင်း မရှိခဲ့ဘဲ၊ ရန်ကုန်မြို့ရှိ မလေးရှား သံရုံးမှတစ်ဆင့် သေဆုံးသူများ၏ မိသားစုများထံ ငွေလွှဲပြောင်း ပေးခဲ့ပါသည်။ သို့သော် တစ်ချို့ ကာယကံရှင်များမှာ ထုတ်ယူရရှိခြင်း မရှိသဖြင့် နစ်နာလျက်ရှိပါသည်။ ထိုသို့ ငွေလွှဲပြောင်းပေးခြင်းမှာ စည်းမျဉ်းစည်းကမ်း နှင့် ညီညွတ်ခြင်းမရှိသည့်အပြင်ယခုအခါ Sanction ရုပ်သိမ်းထားပြီး ဖြစ်သည့်အတွက် လျော်ကြေးငွေ Bank Cheque များအား ၂၀၁၄ ခုနှစ်၊ ဧပြီလမှ စတင်၍ မြန်မာသံရုံးသို့ ပြန်လည်ပေးပို့ခဲ့ပါသည်။

အဆိုပါလျော်ကြေးငွေ cheque များကို မြန်မာနိုင်ငံရှိ (က) Asia Green Development Bank၊ (ခ) Ayeyarwaddy Bank၊ (ဂ) Myanmar Economic Bank နှင့် (ဃ) Myanmar Investment and Commercial Bank တို့တွင် နိုင်ငံခြားငွစောရင်း ဖွင့်လှစ်၍ အပ်နှံ ဆောင်ရွက်နိုင်ပါကြောင်း မလေးရှားအလုပ်သမားဦးစီးဌာနမှ ဗဟိုဘဏ်၏ အကြံပြုချက်အရ ညှိနှိုင်းခဲ့သော်လည်း မြန်မာဘဏ်များမှ လက်ခံ ဆောင်ရွက်ပေးနိုင်ခြင်း မရှိ ကြောင်း ပြန်ကြားလာခဲ့ပါသည်။

မြန်မာသံရုံးအနေဖြင့် မလေးရှားအလုပ်သမားဦးစီးဌာနသို့ အခြားနည်းလမ်း များဖြင့် ငွေလွှဲပြောင်း ပေးပို့ပေးပါရန် ထပ်မံ၍ မတ္တောရပ်ခံထားပါသည်။ အခြားနိုင်ငံရှိ ဘဏ်များမှ အဆိုပါချက် လက်မှတ်များအား လက်ခံဆောင်ရွက် ပေးနိုင်သော်လည်း မြန်မာနိုင်ငံရှိ ဘဏ်များမှ လက်ခံဆောင်ရွက်ပေး နိုင်ခြင်းမရှိသည့်အပေါ် မလေးရှားအလုပ်သမားဦးစီးဌာနမှ ထောက်ပြ ပြောဆိုခဲ့ပြီး ငွသေားဖြင့် လွှဲပြောင်းပေးရန်မှာ ၎င်းတို့ချမှတ်ထားသည့် စည်းမျဉ်းဥပဒနှေင့် ညီညွတခြင်း မရှိကြောင်း ပြန်လည် ဖြေကြေား ထားပါသည်။ မြန်မာသံရုံးအနေဖြင့် သေဆုံးသူ အလုပ်သမားများ၏ လျော်ကြေးငွေများ မြန်မာနိုင်ငံရှိ မိသားစုများထံ အမြန်ဆုံး လွှဲပြောင်းရောက်ရှိနိုင်ရေး အတွက် မလေးရှားအလုပ်သမားဦးစီးဌာနနှင့် ထပ်မံညှိနှိုင်း ဆောင်ရွက်လျက် ရှိပါကြောင်း သိရှိနိုင်ပါရန် ဖော်ပြအပ်ပါသည်။

၉။ ဖမ်းဆီး/ ပြစ်ဒဏ်ကျခံရသော မြန်မာနိုင်ငံသားများအတွက် လိုအပ်သည်များ စိစစ်ခြင်း လုပ်ငန်းစဉ်အဆင့်ဆင့်

– တရားမဝင် နေထိုင်၍ လည်းကောင်း၊ ပြစ်မှု တစ်စုံတစ်ရာ ကျူးလွန်၍လည်းကောင်း၊ ဖမ်းဆီး ခံရသူ မြန်မာနိုင်ငံသားများအား မလေးရှားရဲစခန်း၊ လူဝင်မှု ကြီးကြပ်ရေး၊ ရေကြောင်း ထိန်းသိမ်းရေးတပ်ဖွဲ့များမှ အမည်စာရင်းနှင့်တကွ အကြောင်းကြားလာသည်များအား မြန်မာသံရုံးမှ မြန်မာနိုင်ငံသားမှန်/ မမှန် စိစစ်ခြင်း၊ ကိုယ်ရေးပုံစံများ ပေးပို့စိစစ်ခြင်းတို့ ဆောင်ရွက်ပါသည်။

၁၀။ အခြားထောက်ခံချက်များ ရယူရာတွင် လိုအပ်သည့် အချက်များ

– Special Power နှင့် General Power များ ထောက်ခံချက်အတွက် Special Power (မူရင်း) နှင့် General Power (မူရင်း) များ တင်ပြရမည်။ လွှဲမည့်သူ၊ အလွှဲခံမည့်သူနှင့် သက်သေမှ ကိုယ်တိုင် မြန်မာသံရုံး၊ နိုင်ငံသား အကျိုးဌာနစိတ် တာဝန်ခံအရာရှိ ရှေ့မှောက် ၌ လက်မှတ်ရေး ထိုးရမည်ဖြစ်၍ ကာယကံရှင်များ ကိုယ်တိုင်လာရောက်ပါမည်။
– နိုင်ငံကူးလက်မှတ် မှန်ကန်ကြောင်း၊ ယာဉ်မောင်းလိုင်စင်၊ ဝင်ငွခွေန် ပေးဆောင်ပြီးကြောင်း၊ မှီခိုသူဖြစ်ကြောင်း၊ ကျောင်းသားဖြစ်ကြောင်း၊ မိတ္တူမှန်ကန်ကြောင်း အထောက်အထားများ အတွက် သက်ဆိုင်သည့် မူရင်းအထောက်အထားများ တင်ပြပေးရပါမည်။
– နိုင်ငံကူး လက်မှတ် ပျောက်ဆုံးကြောင်း ထောက်ခံစာကို နိုင်ငံကူးလက်မှတ် အသစ်လျှောက် ထားရာတွင်လည်းကောင်း၊ ၆P နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမြှင့်ခြင်း ထောက်ခံစာကို ၆P နိုင်ငံကူးလက်မှတ် သက်တမ်းတိုး လျှောက်ထားရာတွင် လည်းကောင်း၊ Check-out memo ပြုလုပ်ရန် ထောက်ခံစာကို မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနမှ Special Pass ထုတ်ယူ ရန်အတွက် လည်းကောင်း ဆောင်ရွက်ပေးပါသည်။

အထက်ဖော်ပြပါ အကြောင်းကိစ္စ တစ်ရပ်ရပ်ကြောင့်ဖြစ်စေ၊ အခြားသော အခက်အခဲ၊ ဒုက္ခတစ်စုံ တစ်ရာကြောင့်ဖြစ်စေ မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားများသည် မြန်မာသံရုံးသို့ နေ့စဉ်နှင့်အမျှ လာရောက်လျက်ရှိရာ သံရုံးဝန်ထမ်းများမှ လုပ်ထုံးလုပ်နည်း များနှင့်အညီ တတ်စွမ်းသ၍ အဖက်ဖက်မှ ကြိုးပမ်းကူညီ ဆောင်ရွက်ပေးနေပြီး သံရုံးမှ ထောက်ခံ ခွင့်ပြုပေးခဲ့သည့် မြန်မာနိုင်ငံသား အရေးဆိုင်ရာ ဆောင်ရွက်ချက် မှတ်တမ်းများကို သံရုံး၏ Facebook စာမျက်နှာတွင် အပတ် စဉ်ဖော်ပြပေးလျက်ရှိပါသည်။ သို့ဖြစ်ရာ မလေးရှား နိုင်ငံရောက် မြန်မာနိုင်ငံသား များအနနေဖြင့် လျှောက်ထားရာတွင် လိုအပ်သည့်အချက်များကို တစ်ပါတည်း ယူဆောင်လာခြင်း၊ မိမိပတ်ဝန်းကျင် တွင် သတင်းအချက်အလက်များ မျှဝေခြင်း တို့ဖြင့် သံရုံး၏ နိုင်ငံသား အကျိုးဆောင်ရွက်မှု လုပ်ငန်းစဉ်တွင် တစ်တပ်တစ်အား ပူးပေါင်းပါဝင် ကူညီပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

Government Websites

Embassy Websites

Useful Links

Z About Myanmar

Z Travel Information

Z Myanmar News

Z The New Light of Myanmar

Z Myanmar Ahlin

Z Kyaymon (The Mirror)

Z Tourism Myanmar

Embassy of  the Republic of the Union of Myanmar

Address:  No.289, Jalan Ampang Hilir, 55000 Kuala Lumpur, Malaysia.

Tel:  (603) 4251 4455, 4251 5595, 4251 6355

Fax:  (603) 4251 3855

Whatsapp No. for Consular Matters: 6011-25105774

Email:  [email protected]

အဂတိလိုက်စားမှုများ တိုင်ကြားရန်

Malaysia Time

Myanmar Time