အသိပေးကြေညာခြင်း
၁။ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ Mpox (မျောက်ကျောက်) ရောဂါကူးစက်မှုအား နိုင်ငံတကာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ပါသဖြင့် ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် ခရီးသွားများထံမှ Mpox (မျောက်ကျောက်) ရောဂါဆိုင်ရာ အချက်အလက်များကို အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်း၊ နယ်စပ်ဝင်/ ထွက်ပေါက်များတွင် ရယူနိုင်ရေး ကျန်းမာရေးကြေညာချက် (Health Declaration Form) အား အသုံးပြုသွားမည်ဖြစ်ပါသည်။
၂။ သို့ပါ၍ မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ပြည်တွင်း/ပြည်ပခရီးသွားများအနေဖြင့် ၂၂-၈-၂၀၂၄ ရက်နေ့မှစတင်၍ Mpox (မျောက်ကျောက်) ရောဂါဆိုင်ရာ အချက်အလက်များအား ကျန်းမာရေးကြေညာချက် (Health Declaration Form) တွင် ဖြည့်သွင်းပေးနိုင်ရေးအတွက် အသိပေးအပ်ပါသည်။
Government Websites
Embassy Websites
Embassy of the Republic of the Union of Myanmar
Address: No.289, Jalan Ampang Hilir, 55000 Kuala Lumpur, Malaysia.
Tel: (603) 4251 4455, 4251 5595, 4251 6355
Fax: (603) 4251 3855
Whatsapp No. for Consular Matters: 6011-25105774
Email: [email protected]

