inner-banner-02

Change Rate for Visa

မြန်မာနိုင်ငံကူးလက်မှတ်နှင့် သက်ဆိုင်သည့် ကောက်ခံငွေနှုန်းထားများ ပြောင်းလဲကောက်ခံမည်ဖြစ်ကြောင်း အသိပေးကြေညာခြင်း

၁။ ကွာလာလမ်ပူမြို့၊ မြန်မာသံရုံးမှ ထုတ်ပေးလျက်ရှိသည့် နိုင်ငံကူးလက်မှတ် သက်တမ်းတိုး၍ စာအုပ်အသစ် ထုတ်ပေးခြင်း၊ အပျောက်အတွက် အသစ်ထုတ်ပေးခြင်း၊ ကလေးမွေးဖွား၍ အသစ်ထုတ်ပေးခြင်း၊ ဒဏ်ကြေး၊ ရေစို/ပျက်စီး/အပျောက်ဒဏ်ကြေး စသည်တို့ကို နိုင်ငံတော်မှ ညွှန်ကြားသတ်မှတ်ထားသည့်အတိုင်း အမေရိကန်ဒေါ်လာနှင့်အညီ မလေးရှားရင်းဂစ်သို့ ငွေလဲနှုန်းဖြင့် တွက်ချက်ကောက်ခံရမည်ဖြစ်သဖြင့် ၁-၃-၂၀၁၆ ရက်နေ့မှ စတင်၍ အောက်ဖော်ပြပါ နှုန်းထားများကို ပြောင်းလဲ၍ ကောက်ခံမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်-

(က) နိုင်ငံကူးလက်မှတ်စာအုပ်အသစ်ထုတ်ခြင်း

သတ်မှတ်အမေရိကန်ဒေါ်လာ = ၂၅

လက်ရှိကောက်ခံငေ ွ(ရင်းဂစ်) = ၉၀

တိုးမြှင့်ကောက်ခံမည့်ငွေ (ရင်းဂစ်) = ၁၁၀

(ခ) ဒဏ်ကြေးများ

သတ်မှတ်အမေရိကန်ဒေါ်လာ = ၂၅

လက်ရှိကောက်ခံငွေ (ရင်းဂစ်) = ၉၀

တိုးမြှင့်ကောက်ခံမည့်ငွေ (ရင်းဂစ်) = ၁၁၀

(ဂ) ရေစို/ပျက်စီး/အပျောက်

သတ်မှတ်အမေရိကန်ဒေါ်လာ = ၇၅

လက်ရှိကောက်ခံငွေ (ရင်းဂစ်) = ၂၇၀

တိုးမြှင့်ကောက်ခံမည့်ငွေ (ရင်းဂစ်) = ၃၃၀

၂။ လက်ရှိကောက်ခံနေသည့် နှုန်းထားမှာ (အမေရိကန်ဒေါ်လာ ၁ = ရင်းဂစ် ၃.၃၉) နှုန်းဖြစ်သည့်ကာလက တွက်ချက်ကောက်ခံခဲ့ခြင်းဖြစ်ပြီး၊ မလေးရှားရင်းဂစ်ငွေလဲနှုန်းမှာ ပြောင်းလဲနေသည်မှာ ကြာပြီဖြစ်သော်လည်း အများအားငဲ့ညှာ၍ ငွေလဲနှုန်းပြန်ကျရေး စောင့်ကြည့်နေခဲ့ပါသော်လည်း ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ရန် လိုအပ်ပါသဖြင့် ငွေလဲနှုန်း အတက်အကျပေါ် မူတည်၍ မကြာခဏ ပြောင်းလဲခြင်းမပြုရစေရန်နှင့် တွက်ချက်မှု လွယ်ကူစေရန် (အမေရိကန်ဒေါ်လာ ၁ = ရင်းဂစ် ၄.၄) ဖြင့် အထက်ဖော်ပြပါဇယားအတိုင်း ၁-၃-၂၀၁၆ ရက်နေ့မှ စတင်၍ ပြောင်းလဲကောက်ခံမည်ဖြစ်ကြာင်း ဖော်ပြအပ်ပါသည်။

မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်

Government Websites

Embassy Websites

Useful Links

Z About Myanmar

Z Travel Information

Z Myanmar News

Z The New Light of Myanmar

Z Myanmar Ahlin

Z Kyaymon (The Mirror)

Z Tourism Myanmar

Embassy of  the Republic of the Union of Myanmar

Address:  No.289, Jalan Ampang Hilir, 55000 Kuala Lumpur, Malaysia.

Tel:  (603) 4251 4455, 4251 5595, 4251 6355

Fax:  (603) 4251 3855

Whatsapp No. for Consular Matters: 6011-25105774

Email:  [email protected]

အဂတိလိုက်စားမှုများ တိုင်ကြားရန်

Malaysia Time

Myanmar Time