inner-banner-02

Notice for Myanmar Citizen

မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသား တရားမဝင်အလုပ်သမားများအား တရားဝင် အလုပ်ခန့်ထားခွင့်ပြုမည့် အစီအစဉ်နှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးလျက်ရှိသည့် အခြေအနေအား အသိပေးခြင်း

၁။ မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသား တရားမဝင်အလုပ်သမားများအား တရားဝင် အလုပ်ခန့်ထားခွင့်ပြုမည့် အစီအစဉ်(Rehiring Program for Myanmar Illegal Workers) အား အကောက်အထည်ဖော်ဆောင်ရွက်နိုင်ရန် မလေးရှားပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဌာနနှင့် အလုပ်သမားဌာနတို့မှ တာဝန်ရှိသူများနှင့် မြန်မာသံရုံးမှ တာဝန်ရှိသူများ အပြန်အလှန် ညှိနှိုင်းဆွေးနွေးလျက်ရှိသည့် အခြေအနေအား မြန်မာသံရုံး၏ တရားဝင် Facebook နှင့် Website တွင် ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၁၁ ရက် နေ့စွဲဖြင့် အသိပေးကြေညာခဲ့ပါသည်။

၂။ အစီအစဉ်အကောင်အထည်ဖော်ဆောင်ရွက်မည့် ကိစ္စနှင့်ပတ်သက်၍ မြန်မာသံရုံးမှ တာဝန်ရှိသူများနှင့် မလေးရှားဘက်မှ တာဝန်ရှိသူများသည် မလေးရှားပြည်ထဲရေးဝန်ကြီးဌာန၌ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် ဒုတိယအကြိမ် ထပ်မံညှိနှိုင်းဆွေးနွေးခဲ့ရာ၌ မလေးရှားဘက်မှ ၎င်းတို့လက်ရှိ မူဝါဒလုပ်ထုံးလုပ်နည်းများနှင့်အညီ ရေးဆွဲထားသော လုပ်ငန်းစဉ်အဆိုပြုချက်အား မြန်မာဘက်သို့ အသိပေးတင်ပြခဲ့ပြီး၊ သဘောထားမှတ်ချက် မေးမြန်းခဲ့ပါသည်။

၃။ မြန်မာသံရုံးအနေဖြင့် အဆိုပါအစီအစဉ်နှင့်ပတ်သက်၍ ခန့်အပ်ခြင်းခံထားရသည့် ကုမ္ပဏီ(၂)ခု ဖြစ်သည့် Butki Megah Sdn Bhd. ကုမ္ပဏီနှင့် Diamond Palace services Co. Ltd (Ever Fine Co. Ltd)တို့အား ခေါ်ယူတွေ့ဆုံခဲ့ပြီး၊ ဆောင်ရွက်မည့် အစီအစဉ် အသေးစိတ်နှင့် ကောက်ခံမည့်နှုန်းထားအသေးစိတ်တို့အား သံရုံးသို့ အဆိုပြုတင်ပြရန် ညွှန်ကြားခဲ့ပြီး ဖြစ်ပါသည်။ ကုမ္ပဏီများမှ အဆိုပြုတင်ပြလာပါက မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီးဌာနများသို့ တင်ပြအတည်ပြုချက် ရယူပြီးနောက် မြန်မာနိုင်ငံသားများထံသို့ အသိပေး ဖြန့်ဝေသွားမည် ဖြစ်ပါသည်။

၄။ ယခုလက်ရှိအခြေအနေတွင် အဆိုပါအစီအစဉ် Rehiring Program for Myanmar Illegal Workers အား အကောင်အထည်ဖော်ဆောင်ရွက်ရန် မလေးရှားပြည်ထဲရေးဝန်ကြီးဌာနနှင့် မြန်မာသံရုံးတို့အနေဖြင့် ခန့်အပ်ထားသည့်ကုမ္ပဏီများအား သဘောတူညီချက် တစ်စုံတစ်ရာ ပေးအပ်ထားခြင်း မရှိသေးပါကြောင်း ဖော်ပြအပ်ပါသည်။ အစီအစဉ်အား အကောင် အထည်ဖော်ရာတွင် လုပ်ငန်းစဉ်၊ အချိန်ကာလနှင့် သတ်မှတ်ကာလအတွင်း ကုန်ကျစရိတ် သင့်တင့်သော နှုန်းထားဖြင့် အလုပ်ပါမစ်ထုတ်ပေးနိုင်ရေးအတွက် မြန်မာသံရုံးအနေဖြင့် ဆွေးနွေး ညှိနှိုင်းတင်ပြထားသော အခြေအနေတွင်သာ ရှိပါကြောင်းနှင့် ဖြစ်ပေါ်တိုးတက်မှုများအား မြန်မာနိုင်ငံသားများထံ အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးသွားမည်ဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။

လေးစားစွာဖြင့်
မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့
၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်

Government Websites

Embassy Websites

Useful Links

Z About Myanmar

Z Travel Information

Z Myanmar News

Z The New Light of Myanmar

Z Myanmar Ahlin

Z Kyaymon (The Mirror)

Z Tourism Myanmar

Embassy of  the Republic of the Union of Myanmar

Address:  No.289, Jalan Ampang Hilir, 55000 Kuala Lumpur, Malaysia.

Tel:  (603) 4251 4455, 4251 5595, 4251 6355

Fax:  (603) 4251 3855

Whatsapp No. for Consular Matters: 6011-25105774

Email:  [email protected]

အဂတိလိုက်စားမှုများ တိုင်ကြားရန်

Malaysia Time

Myanmar Time