inner-banner-02

Procedure for C of I

မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် ( C of I ) ဖြင့် မြန်မာနိုင်ငံသားများ အမိနိုင်ငံသို့ အဆင်ပြေစွာ ပြန်နိုင်ရေးအတွက် ဆောင်ရွက်ပေးမည့် အစီအစဉ်အား အသိပေးကြေညာခြင်း

၁။ မလေးရှားနိုင်ငံ၌ တရားမဝင်ရက်လွန်နေထိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံသို့ တရားဝင်လမ်းကြောင်းဖြင့် ပြန်နိုင်ရန်အတွက် မြန်မာသံရုံးမှ မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် ( C of I ) များကို မြန်မာနိုင်ငံသားဖြစ်ကြောင်း စိစစ်ပြီးပါက အခမဲ့ နေ့ချင်းပြီး ထုတ်ပေးလျက်ရှိပါသည်။ ဆက်လက်၍ ( C of I ) လက်ဝယ်ရရှိပြီးသူများသည် မြန်မာနိုင်ငံသို့ ပြန်နိုင်ရန် မလေးရှားနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဌာနသို့ သွားရောက်၍ လက်ဗွေနှိပ်ခြင်း၊ ကျသင့်သည့် ရက်လွန်ဒဏ်ကြေးအား ပေးဆောင်ခြင်းနှင့် Check out Memo ပြုလုပ်ခြင်းများ ဆောင်ရွက်ပြီးမှသာ မလေးရှားလေဆိပ်မှ တရားဝင်ထွက်ခွာခွင့် ရရှိမည်ဖြစ်ပါသည်။

၂။ ထိုသို့ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနနှင့် လေဆိပ်သို့ သွားရောက်ဆောင်ရွက်ကြရာတွင် ဓါတ်ပုံအတု၊ ( C of I ) အတုများ အသုံးပြု၍ ဆောင်ရွက်ခဲ့ခြင်းကြောင့် မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနအနေဖြင့် ယခုအခါ စည်းကမ်းချက်အသစ်များ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း အသိပေးအပ်ပါသည်။

၃။ လက်ရှိအသစ်ချမှတ်သည့် စည်းကမ်းချက်အရ ( C of I ) ဖြင့် ပြန်မည့် မြန်မာနိုင်ငံသားများသည် မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနတွင် လိုအပ်သည်များ မဆောင်ရွက်မီ မလေးရှားနိုင်ငံ အစိုးရမှ မြန်မာနိုင်ငံသားများကိစ္စအား ဝန်ဆောင်မှုပေးရန် တရားဝင်ခွင့်ပြုထားသည့် Butki Megah Sdn. Bhd (သို့မဟုတ်) မြန်မာနိုင်ငံအစိုးရမှ မြန်မာနိုင်ငံသားများအတွက် ဝန်ဆောင်မှုပေးရန် တရားဝင် ခွင့်ပြုထားသည့် Ever Fine Services (M) Sdn. Bhd တို့မှတဆင့် ဆက်သွယ်၍ ဆောင်ရွက်ရမည် ဖြစ်ပါသည်။

၄။ ယင်းသို့ဆောင်ရွက်ခြင်းဖြင့် မသမာမှုများအား ကာကွယ်နိုင်ပြီး ယခင်က မြန်မာနိုင်ငံ သားများ ( C of I ) ဖြင့် ပြန်နိုင်ရန် အတွက် အေးဂျင့်ခအပါအဝင် ရင်းဂစ် (၁၀၀၀) မှ (၁၃၀၀) ခန့် ပျမ်းမျှကုန်ကျလျက်ရှိရာမှ ယခုကဲ့ သို့ Ever Fine Services Sdn. Bhd မှ သံရုံး၏ တရားဝင် Authorized Letter ဖြင့် မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနနှင့် လေဆိပ်တွင် လိုက်ပါဆောင်ရွက်ပေးခြင်းဖြင့် မြန်မာနိုင်ငံသား တစ်ဦးလျှင် လေယာဉ်လက်မှတ်ခ အပါအဝင် စုစုပေါင်း ရင်းဂစ် (၉၀၀)သာ ကုန်ကျတော့မည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

၅။ သိုဖြစ်ပါ၍ မြန်မာနိုင်ငံသားများအနေဖြင့် မြန်မာသံရုံး၌ ( C of I ) များကို နေ့ချင်းပြီး အခမဲ့ထုတ်ယူပြီးနောက် ပူထရာဂျာရားရှိ မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနသို့ သွားရောက်ခြင်း၊ လေယာဉ်လက်မှတ်စီစဉ်ခြင်း၊ လေဆိပ်တွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား တာဝန်ယူဆောင်ရွက်ခြင်းစသည်တို့ကို ဝန်ဆောင်မှုပေးမည့် Ever Fine Services (M) Sdn. Bhd မှတဆင့် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ (၂)ရက်နေ့မှ စတင်၍ ဆောင်ရွက်သွားကြပါရန် အသိပေးအပ်ပါသည်။

လေးစားစွာဖြင့်
မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့။

Government Websites

Embassy Websites

Useful Links

Z About Myanmar

Z Travel Information

Z Myanmar News

Z The New Light of Myanmar

Z Myanmar Ahlin

Z Kyaymon (The Mirror)

Z Tourism Myanmar

Embassy of  the Republic of the Union of Myanmar

Address:  No.289, Jalan Ampang Hilir, 55000 Kuala Lumpur, Malaysia.

Tel:  (603) 4251 4455, 4251 5595, 4251 6355

Fax:  (603) 4251 3855

Whatsapp No. for Consular Matters: 6011-25105774

Email:  [email protected]

အဂတိလိုက်စားမှုများ တိုင်ကြားရန်

Malaysia Time

Myanmar Time